မြဝတီ ဇွန် ၂၀
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လမ်းအသုံးပြုသူ မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များအား မော်တော်ယာဉ် နည်းဥပဒေ/ ဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်များအတိုင်း တိကျစွာ လိုက်နာမှုရှိစေရေး အသိပညာပေး စစ်ဆေးဆောင်ရွက်ခြင်းကို ဇွန်လ ၁၉ရက်နေ့ ညနေ ၃ နာရီက မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ ဘုရားကြီးဝန်းနှင့် အမှတ်(၅)ရပ်ကွက်၊ ရေပူမီးပွိုင့် လမ်းဆုံတို့၌ ဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ခြင်းကို အမှတ်(၇၃) ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်လင်းဌေး ဦးဆောင်၍ မြို့နယ်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအထောက်အကူပြု ဆပ်ကော်မတီမှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့တို့သည် ယာဉ်မောင်းသူများ လိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်တွင် ပါဝင်သည့်အချက်များ၊ မော်တော်ယာဉ်များအတွက် သတ်မှတ်ဧရိယာအတွင်း မောင်းနှင်ရမည့် မိုင်နှုန်းများအား ရှင်းလင်းပြောကြားပေးပြီး သတ်မှတ်စည်းကမ်းချက်နှင့်အညီ မလိုက်နာသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများဖြင့် အရေးယူဆောင်ရွက်ခြင်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)