ရွှေကူ ဇွန်လ ၂၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသားကျောင်းသူများအား ယနေ့နေ့လယ်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်မှ ပေးပို့သော အာဟာရဒါန ပဲနို့နှင့်မုန့်များပေးဝေခဲ့ကြောင်း သိရှိရ သည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသားကျောင်းသူ(၇၀၈)ဦး ဝင်ရောက်ဖြေဆို လျက်ရှိပြီး စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား၊ကျောင်းသူများ၏ စာမေးပွဲဆိုင်ရာလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ခရိုင်ပညာရေးမှူး ဦးအောင်ဆွေ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြတ်နွယ်တို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် နယ်မြေခံတပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ရဲမှူးမြင့်ဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးစံ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊ဌာနဆိုင်ရာများက ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ဆရာမများ ၏ကျန်းမာရေး၊ လူမှုရေးကိစ္စများအဆင်ပြေချောမွေ့စေရန်ဆောင်ရွက်ပေးလျက်ရှိပြီး ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အခြားလုံခြုံရေးလုပ်ငန်းများကိုလည်း ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်။
မြို့နယ် (ပြန်/ဆက်)