ကျိုင်းတုံ ဇွန် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ တောင်သူများ မိုးစပါးစိုက်ပျိုးရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့တွင် ကျိုင်းတုံခရိုင်ဘဏ်ခွဲတွင် ဒေသခံတောင်သူများအား ဆက်လက်ထုတ်ချေးပေးလျက်ရှိသည်။
ထိုသို့ ထုတ်ချေးပေးရာတွင် စပါးစိုက်ပျိုးဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံစိုက်ပျိုးဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းကို တစ်နှစ်လျှင် အတိုး ၅ ရာခိုင်နှုန်းဖြင့် ကျိုင်းတုံမြို့နယ်အတွင်းမှ ကျေးရွာအုပ်စု ၅ အုပ်စု၊ တောင်သူ ၉၈ ဦး၏ မိုးစပါးစိုက်ပျိုးဧက ၄၀၆ ဧကအတွက် စုစုပေါင်းငွေကျပ် ၆၀၉ သိန်းကို ထုတ်ချေးပေးခဲ့ပြီး ကျိုင်းတုံမြို့နယ်အတွင်း ကျန်ရှိသည့် ကျေးရွာအုပ်စုများမှ တောင်သူများအား စက်တင်ဘာလအကုန်အထိ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံခရိုင်ဘဏ်ခွဲမန်နေဂျာ ဦးကျော်လွင်အောင်ထံမှ သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)