ရပ်စောက် ဇွန် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ရပ်စောက်)၌ ကျင်းပပြုလုပ်ခဲ့သည်။
အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုကို အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်လင်းလင်းနိုင်၊ အခြေခံပညာမူလတန်းကျောင်းမှ ဆရာမ ဒေါ်ယဉ်မေသန်းနှင့် တာဝန်ရှိသူများက ပြိုင်ပွဲစည်းမျဉ်းများနှင့်အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို “စဉ်ဆက်မပြတ်တိုးတက်ဖို့ အမျိုးသမီးများလည်းပါဝင်စို့” ခေါင်းစဉ်ဖြင့် ကျင်းပရာ ရပ်စောက်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အထက်တန်းကျောင်းခွဲများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူ (၂၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)