ညောင်ရွှေ ဇွန် ၂၀
ရာဂီမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ရှမ်းပြည်နယ်အတွင်းရှိ ငါးမွေးကန်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကားပြောကြားပြီး ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းသန်းလွင်က ငါးသားပေါက်များ ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် တာဝန်ရှိသူများက ငါးမွေးမြူရေးတောင်သူများထံသို့ ငါးသားပေါက်များ အသီးသီးပေးအပ်ခဲ့ကြပြီး ငါးမွေးတောင်သူများကိုယ်စား ငါးမွေးတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်သည် အခမ်းအနားတက်ရောက်လာသည့် ငါးမွေးတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ဖြန့်ဝေပေးအပ်မည့် ငါးသားပေါက်များကိုကြည့်ရှုခဲ့ကြောင်းနှင့် ယနေ့အခမ်းအနားအတွင်း တောင်ကြီးမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူ (၈)ဦးနှင့် ညောင်ရွှေမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူ (၆၅)တို့အတွက် ရွှေဝါငါးကြင်းနှင့် ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၆၀၆၃၆၀)ကောင် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ