တွံတေး ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တမံကြီးကျေးရွာအုပ်စု၊ တမံကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တမံကြီ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကျေးလက်ပြည်သူ့ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇွန် ၁၇ ရက်နေ့နံနက် (၉) နာရီတွင် အ.ထ.က (ခွဲ) တမံကြီးကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ဦးစွာ အသိပညာပေးဟောပြောပွဲတွင် အ.ထ.က(ခွဲ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမော်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းနှင့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်းစာအပြင် သုတ/ ရသစာအုပ်စာပေများကို ဖတ်ရှုလေ့လာသင့်ကြောင်း ဟောပြောခဲ့ပြီး ကျေးလက်ပြည်သူ့ကျန်းမာရေးဌာနမှ ကျေးလက်ကျန်းမာရေးဆရာမ ဒေါ်ကြည်ကြည်ဝင်းက မိုးတွင်းကာလ၌ ဖြစ်ပွားတတ်သော ရာသီတုပ်ကွေးနှင့် သွေးလွန်တုပ်ရောဂါအကြောင်းခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီး မေးခွန်းများမေးမြန်းခဲ့ကာ ကျောင်းသား၊ ကျောင်းသူလေးများမှ ပြန်လည်ဖြေကြားခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာနှင့် ကလေးစစ်သားပပျောက်ရေး အသိပညာပေးဗီးနိုင်းပိုစတားများကို ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မျိုးလှိုင်