လွိုင်လင်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲဆုပေးပွဲ ကျင်းပ

လွိုင်လင်  ဇွန် ၂၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီစဌာန၊ လွိုင်လင်ခရိုင်ရုံးနှင့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့နှင့် မူးယစ်တပ်ဖွဲစု(၂၇)တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်တွင်ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက် (၁၀) နာရီက အဆိုပါဦးစီးဌာနလူထုအခြေပြုဗဟိုဌာနခန်းမ၌ကျင်းပရာ  မြို့နယ်ရဲတပ်ဖွဲ့မှူး(ယာယီ)ရဲမှူး စိုးနိုင်ထွန်း တက်ရောက်၍ ဆုချီးမြှင့်ပေးပါသည်။

အခမ်းအနားသို့ ဖိတိကြားထားသောဌာနဆိုင်ရာများ၊ ‌စာစီစာကုံးပြိုင်ပွဲဝင်‌ အ.ထ.ကကျောင်းများမှ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ တက်ရောက်ကြသည်။ ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက စာစီစာကုံးပြိုင်ပွဲကျင်းပပေးရခြင်းကိုလည်းကောင်း၊ စာစစ်ဆေးပြီး ဆုရွေးချယ်ရခြင်းများကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး ဆုပေးပွဲကိုပြုလုပ်ရာ ဆုရရှိသူများအား မြို့နယ်ရဲတပ်ဖွဲ့မှူး(ယာယီ) ရဲမှူး၊ ခရိုင်ဦးစီးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများက အသီးသီးပေးအပ်ကြသည်။ ထို့နောက် အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်ပြပွဲကို တက်ရောက်လာကြသူများမှ ကြည်ရှုအားပေးကြကြောင်း သိရသည်။

လွိုင်လင်မိုး