ညောင်ရွှေ ဇွန် ၂၀
၂၀၂၅-ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ် ဦးစီးအရာရှိ ဦနေမျိုးသူရိန်က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်ခံစားရသည့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်း၊ မျက်မှောက်ခေတ် စိတ်ကြွရူးသွပ်ဆေးများအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ် နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်နေမှုများအကြောင်းနှင့် ကျောင်းသားလူငယ်များနှင့်မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး အကြောင်းအရာများ ကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသည့် အလယ်တန်းအဆင့်ကျောင်းသား/ကျောင်းသူလေးများအတွက် မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာနခန်းမ၌လည်းကောင်း၊ မူလတန်းအဆင့်ကျောင်းသား/ ကျောင်းသူလေးများအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကလေးစာဖတ်ခန်း၌လည်းကောင်း ကျင်းပြပြုလုပ်ပေးခဲ့ပြီး ဆုရရှိကြသည့်ကျောင်းသား/ ကျောင်း သူလေးများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ