မိုင်းပန် ဇွန် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းကျောင်း(ကုန်းကျိုင်း)၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က ကျောင်းသား/သူများအား အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် လိမ္မာရေးခြားရှိစေရန်အတွက် ရှင်းလင်းဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်နန်းအေးအေးအောင်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းသား/သူများအတွက် စာအုပ်ပြပွဲများ ခင်းကျင်းပြသခဲ့ပြီး အခြေခံပညာမူလတန်းကျောင်း(ကုန်းကျိုင်း)၏ စာကြည့်တိုက်အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)