မူဆယ်မြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

မူဆယ် ဇွန် ၂၀

ဝန်ထမ်းများတာဝန်ထမ်းဆောင်ရာတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ပါ ဝန်ထမ်းများနှင့် သက်ဆိုင်သည့် စည်းကမ်းများကို ပိုမိုသိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး စာဖတ်ဝိုင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်၏ အခန်း(၁၄)ပါ ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အခြေခံမူများနှင့် အခန်း(၁၅)ပါ ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်မှုများအကြောင်းကို ဝန်ထမ်းတစ်ဦးချင်း ဖတ်ရှု၍ ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။

မူဆယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ တစ်ဦးချင်း စွမ်းဆောင်ရည်မြင့်မားစေရန်အတွက် စာဖတ်ဝိုင်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက်လည်း စာဖတ်ဝိုင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)