တောင်သာမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းမြေ့စွာဖြင့် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်အား ဝင်ရောက်ဖြေဆို

တောင်သာ  ဇွန်  ၂၀

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းမြေ့စွာဖြင့် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်အား ယမန်နေ့နံနက် ၉ နာရီမှစ၍ စာစစ်ဌာန (၄)ခုဖြင့် စီစဉ်ကျင်းပလျက်ရှိပြီး မြို့နယ်အသီးသီးမှ ကျောင်းသား/သူများ ဖြေဆိုလျက်ရှိကြောင်းသိရသည်။

တောင်သာမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြရာ စာစစ်ဌာန(၄)ခု ဖြစ်သည့် အ.ထ.က တောင်သာ၊ အ.ထ.က ဝဲလောင်၊ အ.ထ.ကဇဂျမ်း၊ အ.ထ.က ကျောဇီတို့တွင် ဓာတုဗေဒဘာသာရပ်ကျောင်းသား(၂၁၅) ဦး၊ ကျောင်းသူ(၃၉၃) ဦး၊ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ(၆၀၈)ဦး၊ ပထဝီဝင်ဘာသာရပ် ကျောင်းသား(၂၀) ဦး၊ ကျောင်းသူ(၅၃)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၇၃)ဦး ဘာသာရပ်နှစ်ခု စုစုပေါင်း(၆၈၁)ဦး၊ (၉၄ဒသမ၄၂)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့ဖြေဆိုရာတွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းမြေစွာဖြင့် ဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)