မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

မိုင်းစံ ဇွန် ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည် (၂) နာရီချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး(ကိုယ်စား) စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ကေသွယ်စိုးက လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ စိတ်ဓာတ်ကောင်းမွန်ရေး၊ စည်းကမ်းလိုက်နာရေးနှင့် လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့သည်၊၊

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများကို ဆေးလိပ်သောက်ခြင်း၏ဆိုးကျိုးများ၊ လျှပ်စစ်မီးချွေတာသုံးစွဲရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)