ဆွမ်ပရာဘွမ် ဒီဇင်ဘာ ၁၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် စည်ပင်သာယာရေး လုပ်ငန်းလျာထားချက်များအား ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသော မြို့နယ်စီမံခန့်ခွဲမှု ကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် စည်ပင်သာယာရေးလုပ်ငန်းများ လျာထားချက်များ ဖြစ်သည့် လမ်း၊ မီး၊ ရေ၊ ခန်းမ အများသုံးရေအိမ်ဆောက်လုပ်ခြင်း လုပ်ငန်းများကို ရှင်းလင်း ဆွေးနွေးကြ သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုး၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်ဆောက်လုပ်ရေး၊ မြို့နယ် လယ်/စီအင်း၊ မြို့နယ်စည်ပင်၊ မြို့နယ်ထွေ/အုပ်စာရေးများ၊ ရပ်မိ/ရပ်ဖများ တက်ရောက်ကြကြောင်း သိရသည်။
ကုဋေ (ပြန်/ဆက်)