ဖားကန့် ဇွန် ၁၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် (၂၀၂၅)ခုနှစ်တွင် ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် မြို့နယ်ရှိစာစစ်ဌာန(၂)ခုတွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဖားကန့်မြို့နယ်တွင် စာစစ်ဌာန(၂)ခုရှိရာ ဖားကန့်မြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနမှ ကျောင်းသား၊ ကျောင်းသူ (၂၈၁)ဦးနှင့် ကာမိုင်းမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနမှ ကျောင်းသား၊ ကျောင်းသူ(၁၄၂)ဦးရှိပြီး ဖားကန့်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲးစာစစ်ဌာ(၂)ခုမှ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၄၂၃)ဦး ဖြေဆိုကာ စာဖြေဆိုသည့်ရာခိုင်နှုန်းမှာ(၉၈) ဒဿမ (၁၄)ရာနှုန်းရှိကြောင်း သိရှိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်းအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျောင်းတွင် ကျောင်းပြင်တို့၌ စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)