မြစ်ကြီးနား ဇွန် ၁၉
(၂၀၂၅)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ စာစစ်ဌာန (၅) ခု ဖြင့် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်တို့တွင် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၃၂၀၇)ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်တို့ကို ကျောင်းသား/သူ စာရင်းရှိဦးရေ (၃၂၃၅) ဦးရှိသည့်အနက် (၃၂၀၇)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်သူ (၂၈)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)