ပူတာအိုခရိုင် Community centre ခန်းမ၌ Youth Club အသင်းအဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေး

ပူတာအို ဇွန် ၁၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမ၌ ဇွန် ၁၇ ရက် မွန်းလွှဲ(၂)နာရီက ကျောင်းသားလူငယ်များအနေဖြင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club အသင်းတို့ ပူးပေါင်းမှုဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချို၊ Youth Clubအသင်း အဖွဲ့ဝင် ဆရာဦးအောင်လီဆန်းနှင့် ဆရာဦးဗျာတားဆာတို့က စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)၏ လူငယ်နှင့်ပညာဆိုင်ရာစာစု “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ ” စာအုပ်မှ “ပညာတတ်ဖို့စာဖတ်ရမည်” ဆောင်ပါးဖြင့် ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာသည့် Youth Club အသင်းအဖွဲ့ဝင်များက ဆွေးနွေးချက်များအပေါ် သိရှိလိုသည့်အချက်များကိုမေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)