ကရသူရိ ဇွန် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား ကလေးအလုပ်သမားပပျောက်ရေး အသိ ပညာပေးဟောပြောပွဲ၊ နံရံကပ်ဘုတ်နှင့် စာအုပ်/စာစောင်များပြသခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးသူငယ်အလုပ်သမားသည်တရားမဝင်ပါ၊ အသက်မပြည့်သေးသည့် ကလေးများအား သွေးဆောင်ဖြားယောင်းခိုင်းစေနေခြင်းအကြောင်း၊ ပါဝင်ပတ်သက်သူများ၏ တုံပြန်ချက်များ၊ ဘေးအန္တရာယ် ကျရောက်နေသော ကလေးအလုပ်သမား၊ ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ် ဆောင်ရွက်ပေးစသည်တို့ကို ဟောပြောခဲ့သည်။
ထို့နောက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်ဘုတ်များနှင့် စာအုပ်/စာစောင်များခင်းကျင်းပြသရာ ကျောင်းသား/သူများက စိတ်ဝင်တစ်စားလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)