ပြင်ဦးလွင်မြို့နယ်၌ ပြန်လည်ကျင်းပသည့် ၂၀၂၅  ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီ၀င်ဘာသာရပ်အား ဆက်လက်ဖြေဆို

ပြင်ဦးလွင် ဇွန် ၁၉

ပြင်ဦးလွင်မြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ  ၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်နှင့် ပထ၀ီ၀င်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြသည်။ ယင်းသို့ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင် ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/‌ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုအားပေးလျက်ရှိသည်။

ပြင်ဦးလွင်မြို့နယ်၌  စာစစ်ဌာန (၅) ခုတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၃၃၄၇) ဦးရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား  ဝင်ရောက်ဖြေဆိုသူ (၃၂၀၅) ဦးနှင့် ပျက်ကွက် (၃၉) ဦး၊ ပထဝီ၀င်ဘာသာရပ်အား ၀င်ရောက်ဖြေဆိုသူ (၁၀၂)ဦးနှင့် ပျက်ကွက် () ဦးရှိသည်။

ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉.)ရာခိုင်နှုန်းဖြစ်ရာ ပျက်ကွက်ရာခိုင်နှုန်းမှာ (.) ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)