လှိုင်းဘွဲ ဇွန် ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ စွန့်ပစ်အမှိုက်များခွဲခြားစွန့်ပစ်နိုင်စေရေးအတွက် စျေးသူ၊စျေးသားများအား အသိပညာပေးသရုပ်ပြပွဲကို လှိုင်းဘွဲမြို့၊ မြို့မစျေးအတွင်း၌ ယနေ့နေ့လယ် ၁၂ နာရီအချိန်က ကျင်းပခဲ့သည်။
စွန့်ပစ်အမှိုက် ခွဲခြားစွန့်ပစ်မှု သရုပ်ပြပွဲဆောင်ရွက်ကြရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ စျေးသူ၊စျေးသားများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ခံ ဦးကျော်နိုင်ဦးက စွန့်ပစ်အမှိုက်များကို ခွဲခြားစွန့်ပစ်ရာတွင် အမှိုက်စို၊ အမှိုက်ခြောက်၊ ဘေးအန္တရာယ်ရှိ အမှိုက်၊ ပလပ်စတစ်အမှိုက်များကိုခွဲခြား၍ စနစ်တကျစွန့်ပစ်ပေးနိုင်စေရေး၊ စျေးနှင့်စည်ပင်သာယာ နယ်နိမိတ်အတွင်းနေထိုင်ကြသော ပြည်သူများအနေဖြင့်လည်း အမှိုက်သိမ်းယာဉ်များပေါ်သို့ အမှိုက်များ စွန့်ပစ်ကြလျှင် ယခုကဲ့သို့ အမှိုက်များကိုခွဲခြားစွန့်ပစ်ပေးကြစေလိုပါကြောင်း၊ မိမိတို့မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ပြည်သူများပူးပေါင်းပါဝင်ကူညီပေးကြစေလိုကြောင်း ပညာပေးရှင်းပြခဲ့သည်။
စောဒိ(ပြန်/ဆက်)