ကျိုင်းတောင်း ဇွန်လ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ရှိ အခြခံပညာမူလတန်းလွန်ကျောင်း(ကွန်မုံ)သို့ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ယနေ့နံနက် ၁၀ နာရီအချိန်တွင် မူးယစ်ဆေးဝါအန္တရာယ် အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
အဆိုပါဟောပြောပွဲတွင် ကျိုင်းတောင်းမြို့ (ပြန်/ဆက်)ရုံးရှိ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းမှ အ.မ.က(လွန်)ကွန်မုံကျောင်းရှိ မူလတန်း၊ အလယ်တန်းကျောင်းသားများသို့ မူးယစ်ဆေးဝါနှင့်ပက်သက်သော အသိပညာများ မျှဝေပေးခဲ့ပြီး မူးယစ်ဆေး၏အဓိပ္ပါယ်၊ မူးယစ်ဆေး၏အာနိသင်၊ မူးယစ်ဆေးကြောင့်ဖြစ်သော ဆိုးကျိုးများနှင့် မူးယစ်ဆေးကြောင့်ဖြစ်တတ်သော နောက်ဆက်တွဲပြဿနာများကို ဥပမာပေးပုံပြင်များ၊ ဇာတ်လမ်းများဖြင့် ကျောင်းသား/သူများ နားလည်သဘောပေါက်စေရန် ဟောပြောခဲ့ကြောင်း သိရပါသည်။
ထို့နောက် မူးယစ်ဆေးဝါးအမျိုးအမည်များကို ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ဆွေးနွေးပြောကြားခဲ့ပြီး မူးယစ်ဆေးဝါဆိုင်ရာ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ ပြသခဲ့ကြောင်း သိရပါသည်။
ကိုကို(ပြန်/ဆက်)