ပူတာအိုခရိုင်၌ ကဗျာရွတ်နှင့်ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ပူတာအို ဇွန် ၁၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန အ.လ.က(မြို့မ)ကျောင်းတို့ ပူးပေါင်းမှုဖြင့် ကျောင်းသားလူငယ်များ စာဖတ်တတ်သည့် အလေ့အထရှိလာစေ ရန်၊နူတ်မှုစွမ်းရည်တိုးတက်လာစေရန်နှင့် အများရှေ့တွင် ပြောရဲဆိုရဲသည့် အလေ့အထရှိလာစေရန်အတွက် ကဗျာရွတ်နှင့်ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centreခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာပုံပြင်ပြောပြိုင်ပွဲတွင် အ.လ.က(မြို့မ)ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း (၁၅) ဦးတို့က စာရေးဆရာရှိတ်စပီးယား ရေးသားထားသည့် “မြေခွေးနှင့်စပျစ်သီး” ပုံပြင်ဖြင့်လည်းကောင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် အ.လ.က(မြို့မ)ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၃) ဦးတို့က စာရေးဆရာ သော်ဇင်အုန်း ရေးစပ်ထားသည့် “စာကြည့်တိုက်” ကဗျာဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ နေ့စဉ်လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးများ နံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဖုန်ကန်