ပင်လုံ ဇွန် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယနေ့နံနက် (၉) အချိန်ခွဲက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးဆိုင်ရာ အကြောင်းအရာများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး နံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ပေးခြင်းဖြင့် မိမိတို့ကျောင်းသား လူငယ်များအနေဖြင့် ပလတ်စတစ်သုံးစွဲခြင်း၏ ဆိုးကျိူးများ၊ ပလတ်စတစ်သုံးစွဲမှု လျှော့နည်းအောင်ဖြေရှင်း ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု၏ ကျန်းမာရေးဆိုင်ရာပြဿနာများကို သိရှိစေခြင်း အကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း ကျောင်းသား/ကျောင်းသူလေးများထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)