မိုင်းရှူး ဇွန် ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စိန်ငွေက ကျောင်းစည်းကမ်း အကြောင်းပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးကျော်ဝင်းက ဗလ (၅) တန်အကြောင်း ဟောပြောခဲ့သည်။
ထို့နောက် အားကစားပစ္စည်းများဖြစ်သော ဘောလုံး(၁)လုံး၊ ဘော်လီဘော (၂) လုံး ထောက်ပံ့ ပေးအပ်ခဲ့သည်။ အဆိုပါ ဟောပြောပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၁၅) ဦး တက်ရောက်ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)