စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

စမ်းချောင်း ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လူထုအ​​ခြေပြုဗဟိုဌာန Community Centre ခန်းမမန်နေ့ မွန်းလွဲ (၁) နာရီက စာအုပ်စာ​စောင်ချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြာင်း သိရသည်။

ဆိုပါစာဖတ်ဝိုင်းတွင် ဆရာတက္ကသိုလ် ဟန်မင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စာရေးဆရာမ တင့်တယ်ခင်က မုဒီတာစကားပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

စာဖတ်ဝိုင်းတွင် စာရေးဆရာမ ညွန့်ညွန့် (ကလော)တုံ့လှည့်မေတ္တာရှိကြပါ ရသဝတ္ထုတိုအား ဖတ်ကြားဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက တစ်ဦးခြင်းအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ​ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)