သရက်ချောင်း ဇွန် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဥ်များ ဖြတ်သန်းသွားလာမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၇နာရီအချိန်မှစတင်၍ သရက်ချောင်းမြို့၊ မြို့မရဲစခန်းအရှေ့တွင် သက်ဆိုင်ရာအဖွဲ့များဖြင့် ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် သရက်ချောင်းမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရဲမှူး ခင်မောင်လွင်ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ မော်တော်ယာဥ်များအားယာဉ်လိုင်စင်၊ ယာဥ်မောင်းလိုင်စင်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များ ပြည့်စုံမှု ရှိ/မရှိစစ်ဆေးခြင်း၊ လိုင်စင်မဲ့မော်တော်ယာဥ်များ ဖြတ်သန်းသွားလာပါက ဖမ်းဆီးအရေးယူအတွက်ခရီးသည်တင်ယာဥ်၊ ကုန်တင်ယာဥ်နှင့် မော်တော်ဆိုင်ကယ်တို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)