မြစ်သားမြို့နယ်တွင် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ် စာစစ်ဌာနများတွင် ဆက်လက်ပြန်လည်‌ဖြေဆို

မြစ်သား   ဇွန်   ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သတ်မှတ်စာစစ်ဌာနများတွင်  ယမန်နေ့နံနက် (၉) နာရီအချိန်က သင်္ချာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

မြစ်သားမြို့နယ်တွင် Grade-12 တက္ကသိုလ်ဝင်တန်း စာမေးပွဲပြန်လည်‌ဖြေဆိုသည့် စာစစ်ဌာန(၃) ခုရှိပြီး အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက် တန်းကျောင်းစာစစ်ဌာနတွင် လာရောက်ဖြေဆိုသူ ကျောင်းသား (၁၁၆) ဦးနှင့် ကျောင်းသူ (၂၀၁) ဦး၊ စုစုပေါင်း (၃၁၇) ဦး၊ ပျက်ကွက်သူ ကျောင်းသား (၅) ဦးနှင့် ကျောင်းသူ () ဦး၊ စုစုပေါင်း () ဦး၊ ကူမဲအခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနတွင် လာရောက်ဖြေဆိုသူ ကျောင်းသား (၂၁၀) ဦးနှင့် ကျောင်းသူ (၂၄၈) ဦး၊ စုစုပေါင်း (၄၅၈) ဦး၊ပျက်ကွက်သူ ကျောင်းသား (၆) ဦးနှင့် ကျောင်းသူ () ဦး၊ စုစုပေါင်း (၈) ဦး ရွာခိုင်ကြီး အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် လာရောက်ဖြေဆိုသူ ကျောင်းသား (၂၄) ဦးနှင့် ကျောင်းသူ(၄၀)ဦး၊ စုစုပေါင်း(၆၄)ဦး ပျက်ကွက်သူ ကျောင်းသား () ဦးရှိ‌ပြီး ပျက်ကွက်သူ စုစု‌ပေါင်း (၁၅) ဦး ရှိကြောင်းသိရသည်။မြစ်သားမြို့နယ် စာစစ်ဌာန (၃) ခုရှိ‌ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ( ၈၃၉) ဦးတို့ ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာ ဝန်ရှိသူများ  အတွင်းစည်း၊ အပြင်စည်း ကြီးကြပ်‌ရေးမှူးဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် လုံခြုံရေးတာဝန်များအတွက်  ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီးတပ်ဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)