မြောက်ဥက္ကလာပ ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အများပြည်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း သတ်မှတ်စုရပ်နေရာများတွင် ရောင်းချပေးခဲ့ကြသည်။
ထို့သို့ ရောင်းချပေးရာတွင် ကြက်ဥ တစ်လုံး ၃၆၅ ကျပ် နှုန်းဖြင့် ကြက်ဉ အလုံးရေ ၂၁၀၀၀ လုံးအား မြို့နယ်အတွင်းရှိ (ဆ) ရပ်ကွက်၊ မေဓာဝီလမ်း၊ (ဌ) ရပ်ကွက်၊ သစ္စာပန်းလမ်း၊ (ရွှေပေါက်ကံ/၁၄)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်း၊ (ဆ) ရပ်ကွက်၊ သုနန္ဒလမ်းရပ်ကွက်များအလိုက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာ၀န်ရှိသူများက စနစ်တကျ ဖြန့်ဝေရောင်းချပေးရာ မြို့နယ်ဌာနဆိုင်ရာတာ၀န်ရှိသူများ ကြီးကြပ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဝိုင်း၀န်းကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)