ကမာရွတ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မြိုနယ်စာရေးဆရာအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန် ဇွန်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြိုနယ် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စာရေးဆရာ ကောင်းသန့်၏ စာဖတ်သူနှင့်စကားပြောခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ စာပေစိတ်ပါ၀င်စားသူ (Book Club) အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်စိမ်းလဲ့က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ဆွေးနွေးခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌမှ စာရေးဆရာကောင်းသန့်၏ စာဖတ်သူနှင့် စကားပြောခြင်း စာအုပ်ပါစာဖတ်သူကိုစာပေနှင့် နီးစပ်စေရန်၊ စာပေအမြင်ကျယ်စေရန်၊ စာပေဆွေးနွေးမှုများကို မြှင့်တင်ပေးရန်၊ စာဖတ်သူကို စာပေစွမ်းရည်ပိုင်းတွင် တိုးတက်စေရန်ဖြစ်ပြီး၊ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက စာရေးသူနှင့် စကားပြောခြင်းမှ စာဖတ်သူများအတွက် စိတ်ဓာတ်ခွန်အားဖြည့်အတွေးစာစုများကို ရှုထောင့်အမျိုးမျိုးမှ ရရှိစေကြာင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် စာဖတ်ဝိုင်း၌ ဆွေးနွေးခဲ့ကြသည့် အချက်များနှင့် ဆက်လျဉ်း၍ မြိုနယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် စာပေစိတ်ပါ၀င်စားသူ(Book Club)အဖွဲ့ဝင်များမှများက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)