​​​​​​​မိတ္ထီလာမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်များအား ဇွန်လ ၁၇ ရက်နေ့ နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ နယ်စည်ပင်သာယာရေးအဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မိတ္ထီလာမြို့မဈေးကြီးအတွင်းရှိ စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်များ၌  ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စိုက်ပျိုးရေးအရောင်းဆိုင်များ၌  တရားမဝင်ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ ရှိ/မရှိ၊ CPA သတ်တမ်းလွန်နေခြင်း ရှိ/မရှိ၊ ရောင်းချခွင့် လိုင်စင်များ ရှိ/မရှိ၊ စိုက်ပျိုးရေး ဆေးရောင်းချသူများသည် စိုက်ပျိုးရေးမှဖွင့်လှစ်သော သင်တန်းများ တက်ရောက် ထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ စိုက်ပျိုးရေးအရောင်းဆိုင်များမှ စိုက်ပျိုးရေးသုံးပစ္စည်းများ ရောင်းချရာတွင် လက်အိတ်၊ mask များတပ်ဆင်၍ ရောင်းချရေး၊ ဆေးကြောရန် ရေဘေစင်များ ထားရှိရေး၊ ရောင်းချသည့်အရောင်းဆိုင်များ၏ လေဝင်၊ လေထွက်ကောင်းမွန်စေရန် ဆေးရောင်းချသည့် ဆိုင်များအတွင်း ကလေးသူငယ်များနှင့် အစားသောက်များမထားရှိရေး၊ သက်ဆိုင်ရာဥပဒေလုပ်ထုံးလုပ်နည်း စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး အသိပေးပြောကြားခဲ့ကြောင်း  သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)