မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှု

မြင်းခြံ ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ မြင်းခြံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် တာဝန်ရှိသူများက ယနေ့ နံနက် (၉:၃၀) အချိန်ဤ မြင်းခြံမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

မြင်းခြံမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ်ကို စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနေမှုများအား လိုက်လံ ကြည့်ရှုခဲ့ပြီး စာစစ်ဌာနရှိ ဆရာ/ဆရာမများနှင့် ကျန်းမာရေး‌စောင့်ရှောက်မှု တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံ၍ လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့နယ်တွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာဖြေဆိုရန် စာရင်းရှိ ကျောင်းသား (၁၁၉) ဦးနှင့် ကျောင်းသူ (၁၈၄) ဦး စုစုပေါင်း(၃၀၃) ဦး၊ ဖြေဆိုသူ ကျောင်းသား (၁၁၉) ဦးနှင့် ကျောင်းသူ (၁၈၁)ဦး စုစုပေါင်း (၃၀၀)ဦး ဖြေဆိုကာဖြေဆိုရန် ပျက်ကွက်သည့်ကျောင်းသူ (၃) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။                     

ကျော်စွာ(မြင်းခြံ)