သာကေတ ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်းဖွင့်လှစ်သည့် အေရိုးဗစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် သာကေတမြို့နယ်၊ မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ သာကေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ပြည့်ဖြိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှ မြို့နယ်ပညာရေးမှူးဒေါ်နန်းနုနုကြည်နှင့် ကျောင်းဆရာ၊ဆရာမကြီးများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူးဒေါ်ခင်ကောင်းစံနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသူများတက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူမှ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ပြည့်ဖြိုးဝင်းမှ သင်တန်းသူများအား တူညီဝတ်စုံထောက်ပံ့ပေးခဲ့သည်။မြို့နယ်အခြေခံပညာဦးစီးဌာနမှ မြို့နယ်ပညာရေးမှူးဒေါ်နန်းနုနုကြည်မှ သင်တန်းသို့ထောက်ပံ့စရိတ်၁သိန်းကျပ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးညွန့်ဝေမှ သင်တန်းသို့ ထောက်ပံ့စရိတ်(၁)သိန်းကျပ် ပေးအပ်ခဲ့ပြီး၊အခြေခံပညာကျောင်းများမှ သင်တန်းသူများမှ ကျောင်းအလိုက် မိတ်ဆက် ဂါရဝပြုခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
သဲထက်ဇင်