တံတားဦးမြို့နယ်တွင် မိုးရာသီ၌ စိမ်းလမ်းစိုပြည်သန့်ရှင်းသာယာလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

တံတားဦး ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှကြီးကြပ်၍ မြို့အဝင်အထွက်နှင့် မြို့တွင်းသန့်ရှင်းသာယာလှပစေရေးအတွက် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် တံတားဦး-မြို့သာ ကားလမ်းဘေးဝဲယာရှိ အရိပ်ရအပင်များ၊ ပန်းအလှပင်များရှင်သန်ဖွံ့ဖြိုးရေးအတွက် မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပန်းအလှပင်များစိုက်ပျိုးခြင်းနှင မြက်ဖြတ်ခြင်း၊ ပေါင်းမြက်နှုတ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ မြို့တွင်းလမ်းများ၏ လမ်းဘေးဝဲယာရှိ ရေမြှောင်းများ သန့်ရှင်းခြင်း၊ မြို့တွင်းလမ်းတစ်လျှောက် လမ်းသွားလမ်းလာများ၏ စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်းလုပ်ငန်းများ၊ မိုးရာသီတွင်မြို့စိမ်းလန်းစိုပြည်သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ရဲတင့်(ပြန်/ဆက်)