မြစ်ကြီးနားမြို့(Community Centre)၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

မြစ်ကြီးနား ဇွန် ၁၇

၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲ အခြေခံပညာအလယ်တန်းအဆင့်တွင် “မျိုးဆက်သစ်လူယ်တို့၏ မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၃၀)ဦးတို့ကလည်းကောင်း၊ အထက်တန်းအဆင့်တွင် “အပျော်အပါးနောက်ကွယ်က မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၄၀)ဦးတို့ကလည်းကောင်း ပါဝင်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြကြောင်းနှင့် ပြိုင်ပွဲသို့ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မာလာဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)