ရန်ကုန်-မန္တလေးကားလမ်းမှ  ရိုးကန်-ကန်သာ(စီးပွားရေးတက္ကသိုလ်အဝင်)လမ်း  ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်

မိတ္ထီလာ ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ရန်ကန်-မန္တလေး ကားလမ်းမှ ရိုးကန်၊ ကန်သာ(စီးပွားရေးတက္ကသိုလ်အဝင်)လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများသွားလာရာတွင် အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ တံတားပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေ ၃၁၆.၈၃၈ သန်းဖြင့် မိတ္ထီလာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ 0.87km X 3.66m x 375mm ရှိ  ရန်ကန်-မန္တလေး ကားလမ်းမှ ရိုးကန်၊ ကန်သာ (စီးပွားရေးတက္ကသိုလ်အဝင်)လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို ဇွန်လ ပထမပတ်မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)