ချမ်းအေးသာစံ ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ဇွန်လ (၁၆) ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်နှင့် အဖွဲ့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လက်ရှိဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးနေသည့်ကိစ္စများ၊ ငလျင်းဘေးတုံ့ပြန်ရေးလုပ်ငန်းများ၊ လူမှုကရုဏာလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များ၊ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင်