သန်လျင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းများ စုပေါင်းဆောင်ရွက်

ရန်ကုန် ဇွန် ၁၆

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်နှိမ်နှင်းရေး (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများကို ဇွန် ၁၄ ရက်နေ့ နံနက် (၁၀) နာရီအချိန်က အောင်ချမ်းသာရပ်ကွက်ရှိ လူနေအိမ်များတွင် စုပေါင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ ဦးဆောင်၍ ရပ်ကွက်စာရေးများ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နှင်းရေးလုပ်ငန်း (ဖုံး၊ သွန်၊ လဲ၊ စစ်) သရုပ်ပြခြင်းများ၊ အဘိတ်ဆေးခပ်ခြင်းများ၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို အသိပညာပေးပြောကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ဆက်)