ကျောက်တန်း ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ သီလဝါဆိပ်ကမ်းဒေသရှိ၊ IBTTသွင်းကုန်ထုတ်ကုန်လုပ်ငန်း၌ ဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်(fire safety certificate) (FSC)သက်တမ်းတိုး ဆောင်ရွက်ခြင်းပေးခြင်းကို ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါမီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်( Fire Safety Certificate ) သက်တမ်းတိုးဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ သတ်မှတ်ညွှန်ကြားချက်၊ လုပ်ထုံလုပ်နည်းနှင့် ကိုက်ညီမှုရှိ/မရှိအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးဖြိုးထက်ဝင်း ဦး ဆောင်သောအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သန့်ဇင်ထွန်း