ဆိပ်ကြီးခနောင်တိုမြို့နယ်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(P-fizer)အပို ဆောင်းထိုးနှံပေး

ဆိပ်ကြီးခနောင်တို ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ   ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးများကို မြို့နယ်အတွင်း သတ်မှတ်အုပ်စုအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ ဇွန်လ ၁၃ ရက်နေ့ နေ့လည်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ  ဆိပ်ကြီး အနောက်ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ရောဂါအပိုဆောင်းကာကွယ်ဆေး(P-fizer) ကို  စတင်  ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိသူနာပြု ဆရာမကြီးဒေါ်ခင်ပပလွင်ဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက  ကိုဗစ်-၁၉ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီး၍ ၆ လပြည့်ပြီးသည့် ရပ်ကွက်နေပြည်သူ ၁၈၀ ဦးအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဆေးထိုးစုရပ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်း(Booster Dose)အဖြစ်(P-frizer)ဆေးထိုးနှံပေးခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိရာ အဆိုပါ ကိုဗစ်-၁၉ ရောဂါ အပိုဆောင်းကာကွယ်ဆေးကို ရပ်ကွက်အလိုက်ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ကျန်ရှိသော ရပ်ကွက်များတွင်လည်း ဇွန်  ၂၁ ရက်နေ့အထိ  သတ်မှတ်ဆေးထိုးစုရပ်များတွင် ဆက်တိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှသိရသည်။

ဝေယံ