မိုင်းပန် ဇွန် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ နွေရာသီ ရှမ်းစာပေသင်တန်းဆင်းပွဲအခမ်းအနားကို စဝ်ကောလီခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် အဖွင့်သီချင်းများသီဆိုခြင်း၊ ဒိုးနယား၊ ရှမ်းရိုးရာ ကိန္နရီ/ကိန္နရာအကများဖြင့် ဖျော်ဖြေကပြ၍ စတင်ဖွင့်လှစ်ခဲ့ကြပြီး မဟာဂန္တဝါစကပဏ္ဍိတ၊ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ လင်းခေးမြို့နယ်၊ ဝမ်ဟတ်တိုက်နယ်သံဃဥက္ကဋ္ဌ၊ ဆရာတော် ဘဒ္ဒန္တ စာရိန္တ (ဓမ္မာစရိယ၊ M.A)၊ အမှတ်(၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်စွာဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်၊ ဆက်ဆံရေးရုံးတာဝန်ခံ၊ ဗိုလ်မှူး စိုင်းစင်နှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ၊ ဦးစိုင်းဝင်းမောင်တို့က အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ရှမ်းစာပေနှင့်ယဉ်ကျေးမှုရုံး အောင်မြင်စွာတည်ဆောက်ပြီးစီးရေးအတွက် အဘက်ဘက်မှ ပါဝင်ကူညီပေးခဲ့သော စေတနာရှင်၊ အလှူရှင်များအား ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)