မိုင်းပန်မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုရုံး ဖဲကြိုးဖြတ်ဖွင့်လှစ်ပွဲအခမ်းအနား ကျင်းပ

မိုင်းပန် ဇွန် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုရုံးကို ၂၀၁၇ ခုနှစ်က စတင်တည်ဆောက်ခဲ့ရာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပွဲအခမ်းအနားကို အဆိုပါရုံး၌ ယမန်နေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။

‌ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များက စယန္တာဂါထာတော်ရွတ်ပွား၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ကြပြီး မဟာဂန္တဝါစကပဏ္ဍိတ၊ နိုင်ငံတော်ဗဟိုသံဃဝန်‌‌ဆောင်၊ လင်းခေးမြို့နယ်၊ ဝမ်ဟတ်တိုက်နယ်သံဃဥက္ကဋ္ဌ၊ ဆရာတော် ဘဒ္ဒန္တစာရိန္တ (ဓမ္မာစရိယ၊ M.A)၊ အမှတ်(၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်စွာဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရှမ်းစာပေနှင့်ယဉ်ကျေးမှုရုံးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့မှ ရှမ်းစာပေနှင့်ယဉ်ကျေးမှုရုံးအထပ်ထပ်၌ လေ့လာကြည့်ရှုခဲ့ကြပြီး ကင်ပွန်းရေများ ပက်ဖျန်းပေးခြင်းနှင့် ပရိတ်တရားတော်များနာယူ၍ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)