တပ်ကုန်း ဇွန် ၁၆
တောင်သူများအနေဖြင့် ခေတ်မီနည်းပညာများကို လက်လှမ်းမီစေရန် ရည်ရွယ်ပြီး စိုက်ပျိုးထုတ်လုပ်မှုအတွက် အထောက်အကူဖြစ်စေရန် AI ဉာဏ်ရည်တု နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများကို တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းထွန်း ကြီးကြပ်၍ စိုက်ပျိုးရေးနည်းပညာပေးဝန်ထမ်းများက စိုက်ပျိုးစီးပွား အသိပညာပေးစင်တာများ၊ ကျေးရွာဓမ္မာရုံများ၊ ကျေးရွာအစည်းအဝေးခန်းမများ၊ တောင်သူများ၏ ဖုန်းထဲသို့ Software များ ထည့်သွင်းပေးခြင်း၊ အသုံးပြုခြင်းနည်းလမ်းများကို စမ်းသပ်ပြသခြင်းစသည့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ကျေးရွာအုပ်စုပေါင်း ၂၀ အုပ်စု၊ ကျေးရွာပေါင်း ၇၅ ရွာ၊ ဝန်ထမ်း၊ တောင်သူပေါင်း ၆၀၅ ဦးတို့အား AI ဉာဏ်ရည်တုနည်းပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်