မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်းဆောင်ရွက်

မင်္ဂလာ‌တောင်ညွန့်   ဇွန်  ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယ‌မန်နေ့နံနက် ၁၀ နာရီအချိန်က စက်ဆန်းရပ်ကွက်၌ ဆက်လက်ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ပါသည်။

‌ထို့‌နောက် မြို့နယ်လဝကမှုး‌ ဒေါ်ဌေးဌေးအောင်ဦးဆောင်၍ ဝန်ထမ်းများသည် စက်ဆန်းရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်နေမှုကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှုး ဦးမောင်မောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦး‌‌တင်ထွဋ်တို့က လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။

ထိုပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အသက်၁၆-၁၈နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများ၊ အသက်၁၈နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရသေးသူများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

မြတ်မြတ်အေး(ပြန်/ဆက်)