မက်မန်း ဇွန် ၁၅
ရှမ်းပြည်နယ် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များတွင် သက်တမ်းလွန်ကုန်ပစ္စည်များ ရောင်းချနေမှု ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ၊ သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတိုးသူရအောင်နှင့် ဝန်ထမ်းများဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များမှ စားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးများအား ဝယ်ယူသုံးစွဲကြသော မိဘပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်စေရေးအတွက် မက်မန်းမြို့ပေါ်ရှိ ကုန်စုံဆိုင်(၁၅)ဆိုင်နှင့် ဆေးဆိုင်(၂)ဆိုင်တို့တွင် စားသောက်ကုန်များနှင့် ဆေးဝါးများ၌ အညွှန်းများတပ်ဆင်မှုရှိ/မရှိ၊ သက်တမ်းလွန်စားသောက်ကုန်များနှင့် ဆေးဝါးများရောင်းချမှု ရှိ/မရှိစစ်ဆေးခဲ့ပြီး စစ်ဆေးရာတွင် တွေ့ရှိခဲ့သည့် သက်တမ်းလွန်စားသောက်ကုန်များနှင့် ဆေးဝါးများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် မိးရှို့ဖျက်ဆီးခဲ့သည်။
ဆက်လက်၍ မက်မန်းမြို့ပေါ်၌ ရပ်ကွက်အတွင်း လူနေအိမ်များရှိ ခြင်များမခိုအောင်းနိုင်စေရန် မိုးရေတင်ကျန်နေသော တာယာဟောင်းများ၊ ရေအိုး၊ ရေခွက်များ၊ ရေတိုင်ကီ၊ ဘုရားပန်းအိုးနှင့် သောက်သုံးရေကန်များကို ဖုန်း၊ သွန်၊ လဲ၊ စစ်ဆေးဆောင်ရွက်ခြင်းများနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရပါသည်။
အေဇက်ထွန်း(ပြန်/ဆက်)