ဒဂုံမြောက် ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၁) ရပ်ကွက်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြNFသူများအား ယမန်နေ့နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Pfizer XBB1.5 Gray Cap COVID-19) ထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယခုထိုးနှံမည့်ကိုဗစ် ၁၉ ကာကွယ်ဆေးမှာ COMRNATY JN1 30 micrograms/ dose {grey cap) အမျိုးအစားဖြစ်ပြီး အသက် (၁၂) နှစ်နှင့်အထက် ပြည်သူလူထုကို ထိုးနှံနိုင်မည်ဖြစ်သည်။
၎င်းကာကွယ်ဆေးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၁) ကြိမ်မျှ မထိုးနှံရသေးသော အသက် (၁၈) နှစ်အထက်ရှိသူများအား ထိုးနှံခြင်း၊ Revaccination အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှုကာလ (၆) လပြည့်ပြီးသော ကျန်းမာရေးဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှုကာလ (၆) လပြည့်ပြီးသော အသက် (၇၅)နှစ်အထက်ရှိသူများ၊ အသက် (၅၀) နှစ်အထက် နာတာရှည်ရောဂါရှိသူများအားထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှုကာလ (၁) နှစ်ပြည့်ပြီးသော အသက် (၅၀) နှစ်အထက်ရှိသူများ၊ အသက် (၁၈) နှစ်အထက် နာတာရှည်ရောဂါရှိသူများ၊ အသက် (၁၂) နှစ်အထက် ကိုယ်ခံအားနည်းရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင် ကာလအတွင်း (24trimester မှစတင်၍) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၁)ကြိမ် ထိုးနှံခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ထိုးနှံပေးရာတွင် အသက် (၁၈) နှစ်အထက် ၁၈၁ ဦး၊ အသက် ၅၀ နှစ်နှင့် အထက် ၃၇၃ ဦး အသက် (၁၂) အထက် ၁ ဦး၊ စုစုပေါင်း ၅၅၅ ဦးထိုးနှံပေးခဲ့ပြီး ပြည်သူများအား ( Pfizer XBB1.5 Gray Cap COVID-19) ဆေးထိုးနှံပေးရာသို့ မြို့နယ်နှင့်ရပ်ကွက်တာဝန်ရှိသူများမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ