ကလော ဇွန် ၁၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့ လိုက်ပါလျက် ဇွန်လ (၁၃)ရက်နေ့ မွန်းလွဲ(၂)နာရီက ကလောမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဇွန်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောင်းဝင်းအတွင်း အနိမ့်ပိုင်းနေရာရေအချို့ ဝင်ရောက်နေမှုနှင့် ဘောလုံးကွင်းအုတ်တံတိုင်း ကာရံနေမှုတို့ကို ကြည့်ရှု၍ ကျောင်းဆောင်များကိုလည်း ပြုပြင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှုနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောမြို့အမှတ်(၃)ရပ်ကွက် အရှေ့မြို့ပတ်လမ်းရှိ ကလပ်ဝင်းအတွင်းရှိ နှစ်(၁၀၀)အဆောက်အဦအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး သက်ဆိုင်ရာဌာနအား မြေဧရိယာအကျယ်အဝန်းအား သေချာတိုင်းတာ ဆောင်ရွက်ပေးကြရန်မှာကြားခဲ့ပြီး ကလောဘူတာရုံသို့သွားရောက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က မှာကြားခဲ့သော ကလောဘူတာအား လမ်းညွှန်ချက်(၆)ချက်နှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေးရာ ကလောဘူတာတာဝန်ရှိသူ တစ်ဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောဘူတာရုံရှေ့ ကတ္တရာလမ်းဆောင်ရွက်ထားရှိမှုနှင့် ကလောချောင်းတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောမြို့၊ မောမြေဦးပန်းခြံ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ပြီး ကလောမြို့ပလောင်စျေးရှိ စျေးသူ၊ စျေးသားများနှင့် ရင်းရင်းနှီးနှီးနုတ်ဆက်၍ ကလောချောင်းအား ကြည့်ရှုစစ်ခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောမြို့၊ အင်းပြင်ရှိမြို့နယ် လမ်းဦးစီးဌာနမှ မြေထိန်းနံရံနှင့် လမ်းပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားပြီး အင်းပြင်စိုက်ပျိုးရေးဥယျာဥ်ခြံရှိ ကလောချောင်းမြေထိန်းနံရံ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွန်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေညောင်မြို့၊ အနိမ့်ပိုင်းနေရာဖြစ်သော ရတနာရပ်ကွက်(၁)နှင့်(၂)တွင် ရေဝင်ရောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ရပ်စောက်မြို့နယ် နမ့်လတ်ချောင်းရေဆင်းဧရိယာ၊ ဟဲဟိုးမြို့နယ်ခြားချောင်း ရေဆင်းဧရိယာ၊ ကလောချောင်းရေဆင်းဧရိယာ၊ ဘီလူးချောင်းရေဆင်းဧရိယာနှင့် နမ့်လတ်ချောင်းအတွင်း ရေဝင်လမ်းကြောင်း၊ ကျီးဖြူကန်နှင့် ရွှေညောင်မြို့ပတ်ဝန်းကျင်ရှိ ဆည်၊ ကန်များနှင့် ပတ်သက်၍ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေညောင်မြို့၊ ကုန်းလှိုင်ဘုန်းကြီးကျောင်း၌ ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွေ့လာသော ဒေသခံပြည်သူများကို သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးမှ ချောင်းအတွင်းရှိနှုန်းမြေများ၊ အမှိုက်များကိုဆည်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ယာယီပြောင်းရွေ့လာသော ဒေသခံပြည်သူများအတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများ၊ ချက်ပြုတ်စားသောက်ရေးအတွက် ငွေကျပ်သိန်း(၅၀)တို့ကို ပြည်နယ်ဝန်ကြီးချုပ်ကပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်သဖြင့် ယာယီပြောင်းရွေ့လာသော ဒေသခံပြည်သူများအတွက် ကျပ်သိန်း (၁၈၈၅၀၀၀) ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုန်းလှိုင်ကျောင်းထိုင်ဆရာတော်အား သွားရောက်ဖူးမြော် ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)