ပုဗ္ဗသီရိ ဇွန် ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တပ်ဖွဲ့ဝင်သား/သမီးများအား ပညာသင်စာရေးကိရိယာပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ရဲမှူးရန်နိုင်မှ အဖွင့်အမှာစကားပြောကြားပြီး အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၄) ဦးအတွက် စုစုပေါင်းတန်ဖိုးငွေ ၃၄၀၀၀ဝိ/-ကျပ် တန်ဖိုးရှိစာရေးကိရိယာများအား ရဲမှူးရန်နိုင်နှင့် ဇနီးဒေါ်စန္ဒာ၊ ဒုတိယရဲမှူး အေးစိုးနှင့် ဇနီး ဒေါ်အေးအေးမြင့်တို့နှင့် တာဝန်ရှိသူများက တပ်ဖွဲ့ဝင်ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်စာရေးကိရိယာပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည်။
ယင်းနောက် ရဲမှူးရန်နိုင်မှ နိဂုံးချုပ် အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ ပေးအပ်ပွဲအခမ်းအနားကို တပ်ဖွဲ့ဝင်နှင့်ဇနီးများ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
နန်းရွှေရတီ(ပြန်/ဆက်