သာစည် ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၁၄ ရက်နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝေဝေခိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့်တာဝန်ရှိသူများက တက္ကသိုလ်အဆင့်ကျောင်းသား/သူ ၁၀ ဦးတို့အားတစ်ဦးလျှင်ငွေကျပ် ၆၀၀၀၀ နှုန်း၊ Grade-12 ပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူ လေးဦးတို့အား တစ်ဦးလျှင် ၅၀၀၀၀ နှုန်း၊ အထက်တန်းအဆင့် ၁၀ ဦးအား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်း၊ အလယ်တန်း အဆင့် ၈ ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၄၀၀၀၀ နှုန်း၊ မူလတန်းအဆင့် ၃၇ ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းနှင့် မူကြိုကျောင်းသား/သူ ၅ ဦးတို့အား တစ်ဦးလျှင်ငွေကျပ် ၂၀၀၀၀ နှုန်းတို့ဖြင့် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်သည်။
အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်သားသမီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာသူများအား ကြာဇံဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)