သာကေတမြို့နယ်တွင် အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှပြင်သင်တန်းဖွင့်လှစ်

သာကေတ ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ် women Club အဖွဲ့နှင့်ပူးပေါင်း၍ အမျိုးသမီးများတစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းပြုနိုင်စေရန်အတွက် လစဥ်မပြတ်အိမ်တွင်းမှုသင်တန်းများ ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့ နေ့လယ် (၁) နာရီတွင် မြို့နယ်အမျိုးသမီးများအသင်း (Women Club) အဖွဲ့နှင့် လူမှုကူညီရေး (အလင်းရောင်) အသင်းတို့ပူးပေါင်း၍ အလှပြင်သင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းအားယနေ့ နေ့လယ် (၁)နာရီ အချိန်တွင်စတင် ဖွင့်လှစ်ခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူ၊ မြို့နယ် (Women Club) ဥက္ကဋ္ဌ ဒေါ်စမ်းစမ်းနွဲ့တို့က မုဒိတာစကားနှင့် သင်တန်းစည်းမျဥ်း စည်းကမ်းများကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး အလှပြင်သင်တန်းနည်းပြဆရာမ May Grace က အခြေခံ မိတ်ကပ်လိမ်းခြယ်နည်းများအား စာတွေ့လက်တွေ့သင်ကြားပို့ချခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတွင် ဖွင့်လှစ်သည့် အမျိုးသမီးအိမ်တွင်းမှု အလှပြင်သင်တန်းအား ဇွန်လ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့အထိ နေ့လယ် (၁) နာရီမှ မွန်းလွဲ (၃) နာရီအထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

သဲထက်ဇင်(ပြန်/ဆက်)