ကျောက်ဆည် ဇွန် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် ရေရရှိရေးနည်းလမ်းဖြင့် မိုးစပါး (၅၁၉၃၃)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာနမှ သိရသည်။
ရေရရှိရေးနည်းလမ်းဖြင့် မိုးစပါးများစိုက်ပျိုးရာ၌ ဇော်ဂျီဆည်၊ နွားတက်မြောင်းရေသောက်စနစ်တွင် (၁၅၈၀၈)ဧက၊ အထက်လင်းဇင်းမြောင်းရေသောက်စနစ်တွင်(၈၁၃)ဧက၊ ငပြောင်မြောင်းရေသောက်စနစ်တွင်(၃၄၅၈)ဧက၊ သင်းတွဲမြောင်းရေသောက်စနစ်တွင်(၇၀၆၂)ဧက၊ မင်းရဲမြောင်းရေသောက်စနစ်တွင်(၂၅၆၄) ဧက၊ တမုတ်မြောင်းရေသောက်စနစ်တွင်(၅၄၇၃)ဧက၊ ဇီးတောမြောင်းရေသောက်စနစ်တွင်(၈၁၆)ဧက၊ ကင်းတားဆည်၊ သင်းဒီးမြောင်းရေသောက်စနစ်တွင် (၅၉၁၀)ဧက၊ ထုံးကြီးမြောင်းရေသောက်စနစ်တွင်(၂၅၂၁)ဧက၊ စမာမြောင်းရေသောက်စနစ်တွင် (၇၀၇၂)ဧက၊ သစ်တက်ကုန်းဆည်၊ သစ်တက်ကုန်းမြောင်းရေ သောက်စနစ်တွင်(၄၃၆)ဧက စုစုပေါင်း (၅၁၉၃၃)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာနအနေဖြင့် မိုးစပါးများအောင်မြင်ဖြစ်ထွန်းရေး ပျိုးထောင်စိုက်ပျိုးချိန်မှစ၍ရိတ်သိမ်းချိန်အထိ ရေပေးဝေမြောင်းများအလိုက် အလှည့်ကျစနစ်ဖြင့် စပါးစိုက်ပျိုးရေးများ ပေးဝေသွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်ဆက်)