အလုံ ဇွန် ၁၄
အလုံမြို့နယ်၌ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက စောရန်ပိုင်အနောက်ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဒုမီးသတ်ဦးစီးမှူး ဦးတင်မောင်ထွန်းက ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် ငလျင်လှုပ်ခတ်ခဲ့မှု အခြေအနေအား ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ (မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ)ဒေါ်မိုးသီတာဦးက ငလျင်လှုပ်ခတ်ပြီးနောက် ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ဆွေးနွေးခြင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ သဘာ၀ဘေးကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါ၀င်ကူညီ ဆောင်ရွက်နေမှုအား အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကို၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်မောင်ထွန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ (သွားကျန်းမာ) ဒေါက်တာမေသီရိနှင့် ဦးစီးအရာရှိ(မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ) ဒေါ်မိုးသီတာဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၀င်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ ကျန်းမာရေး၀န်ထမ်းများ စုစုပေါင်းအင်အား (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ယောဧရာ